တပ်ကုန်းမြို့နယ် ရှားတောကျေးရွာတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ် ရှားတောကျေးရွာတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စ၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသူ၊ ကျောင်းသားများက “ ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက  ပညာရေးစုံညီပွဲတော်နှင့်ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရခြင်းအကြောင်းကို  ရှင်းလင်းပြောကြားသည်။ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  အောင်မြင်သူနှင့် ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆)ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း  ကာယစွမ်းရည် ပြိုင်ပွဲများ၌ ကျောင်းတွင်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်း သား စုစုပေါင်း(၁၂)ဦး၊ ဉာဏစွမ်းရည်ပြိုင်များ၌  တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့်ကျောင်းတွင်း အဆင့်  ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၅၁)ဦးတို့အား ဂုဏ်ပြုဆုများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေး၊ ရှားတောကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ တက်ရောက်လာသည့် ဖိတ် ကြားထားသည့် ဧည့်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများကို ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့သည်။


ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသည် ၁.၆.၁၉၅၄ မှ ၃၁.၅.၁၉၇၈ အထိ  မူလတန်းကျောင်းအဆင့်၊ ၁.၆.၁၉၇၈ မှ ၃၁.၅.၂၀၀၅ အထိ တွဲဖက် အလယ်တန်းကျောင်းအဆင့်၊ ၁.၆.၂၀၀၅ မှ ၃၁.၅.၂၀၁၀ အထိ အလယ်တန်းကျောင်း (ခွဲ)အဆင့်၊ ၁.၆.၂၀၁၀မှ ၃၁.၅.၂၀၁၃ အထိ အလယ်တန်းကျောင်းအဆင့်၊ ၁.၆.၂၀၁၃မှ ၃၁.၅.၂၀၁၇ အထိ အထက်တန်းကျောင်းအဆင့်၊၁.၆.၂၀၁၇မှ ယနေ့ထိ အခြေခံပညာအထက်တန်းကျောင်းအဆင့်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)