ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ)ဦးကျော်နိုင်ဝင်းမှ ကုန်စည်အမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကုန်စည်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပုံ နည်းစနစ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အချက်အရ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြရန်၊ CICC ၏ အဓိပ္ပါယ် (Commerce information and comlaint Center) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်(၅)ချက်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှုဆိုင်ရာအချက်များ၊  တိုင်ကြားနိုင်သည့် Call Centre(1535)သို့ ဆက်သွယ်နိုင်ကြောင်း၊  တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)