ရခိုင်ပြည်နယ် မောင်တောမြို့၌ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ






MNP  -  ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မောင်တောမြို့နယ် ပညာရေးမှူး ဦးအောင်မြင့်သိန်းနှင့် အ.ထ.က(၄)မိုင်ကျောင်းအုပ် ဆရာကြီးတို့မှ အမှာစကား ပြောကြားခဲ့ကြပြီး ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ဆရာကြီး ဦးစည်သူအောင်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စကားပြောကြားခဲ့သည်။ ယင်းနောက်  ကျောင်းသား၊ ကျောင်းသူ လေးများက ရခိုင်ရိုးရာယိမ်း အကအလှများ၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆုနှင့် အားကစား ထူးချွန်ဆု ရရှိသော ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)