ကန်ပိုက်တီမြို့၌ လူကုန်ကူးမှု/လူမှောင်ခို အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ပိုက်တီမြို့၌ လူကုန်ကူးမှု/လူမှောင်ခို အသိပညာပေးဟောပြောပွဲ ကျင်းပ






MNP  -   ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌  လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


ရှေးဦစွာ ကန်ပိုက်တီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးသူရက လူကုန်ကူးမှု/လူမှောင်ခိုမှု ခံရခြင်းမရှိစေရန် သိထားသင်သည့် အကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။


ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  အခမ်းအနားသို့ တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးယိန်းဇုံ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။


မာလ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)