ပိုင်ကျုံမြို့တွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူသည့် စာရင်းများအရ (၆)ရက်အတွင်း အိမ်ထောင်စု ၆၇၇၁ စု ကို အတည်ပြုနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့တွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူသည့် စာရင်းများအရ (၆)ရက်အတွင်း အိမ်ထောင်စု ၆၇၇၁ စု ကို အတည်ပြုနိုင်ခဲ့




MNP  -  ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း  စာရင်းကောက် ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာများအတွင်း ဆောင်ရွက်ခဲ့ရာ ယခုလ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု ၆၇၇၁ စုကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


ပိုင်ကျုံမြို့တွင် ရပ်ကွက်(၅)ခုနှင့်ကျေးရွာအုပ်စု(၂၇)အုပ်စု၊ စုစုပေါင်း (၃၂)စုရှိပြီး  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်မှူးများနှင့်စာရေးများ၊ ရာအိမ်မှူးများနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့(၄၀)ဖွဲ့ဖြင့် ရပ်ကွက်/ကျေးရွာများ အလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိ လူဦးရေစာရင်းများကို  လိုက်လံကောက်ယူလျက်ရှိ ကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကောက်ခံရရှိသော စာရင်း များအရ (၆) ရက်အတွင်း အိမ်ထောင်စု ၆၇၇၁ စုကို အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အိမ်ထောင်စုများကိုလည်း  သက်ဆိုင်ရာ တာဝန်ရှိသူများတို့မှ ဆက်လက်ကောက်ခံလျက်ရှိ ကြောင်း သိရသည်။


အဆိုပါ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရာနေရာများသို့  မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ရပ်ကွက်/ကျေးရွာများအလိုက် ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)