ကျောက်တော် Community Centre ခန်းမ၌ ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေး အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော် Community Centre ခန်းမ၌ ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေး အသိပညာပေး (Talk Show) ပြုလုပ်


MNP   -    ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌   ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေးအသိပညာပေး  (Talk Show) ကို  ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ  ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ​​ဒေါ်ဖြူဖြူဝင်းက ဒို့​ကျေးရွာဂျာနယ် အတွဲ(၁၉) အမှတ်(၂၃)မှာပါရှိတဲ့ ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားတဲ့ "ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေး"ဆောင်းပါးမှ ရာသီတုတ်ကွေး၏ ရောဂါလက္ခဏာများ၊ ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းများ ကိုလည်းကောင်း၊ ရုပ်/သံ-ဒေါ်ဦးမြခိုင်က ကိုဗစ်လား၊ ရာသီတုတ်ကွေးလား ကွဲပြားခြားနားပုံကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို  We love kyauktaw Facebook Page  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


ခင်မောင်ထွန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)