ကျိန္တလီမြို့၌ ဆရာတော် သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပရိတ်တရားတေ်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ဆရာတော် သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပရိတ်တရားတေ်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ






MNP   -  ဇန်နဝါရီ ၂၆

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ပွဲကို အမှတ်(၃)ရပ်ကွက်ရှိ “သဒ္ဓမ္မရောင်ရှိန်”ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြသည်။


    အဆိုပါ အခမ်းအနားသို့ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တက်ရောက် လာကြသူများက နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် လယ်တီတောင်ပေါ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်သော ဓဇဂ္ဂသုတ်ပရိတ်ပါဠိတော်များနှင့် အပြင်အောင်ခြင်း(၈)ပါး၊ အတွင်းအောင်ခြင်း(၈)ပါးတို့ကို နာယူကြပြီး “ဓမ္မအလင်းရောင်” ဝတ်ရွတ်အသင်းကလည်း အပြင်အောင်ခြင်း(၈)ပါးလင်္ကာနှင့် ဓဇဂ္ဂသုတ်ပရိတ်ပါဠိတော်များအား ထပ်မံရွတ်ဖတ် ပူဇော်ခဲ့ကြ သည်။


    ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)