ဓနုဖြူမြို့နယ်တွင် စီးပွားဖြစ် မှို စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် စီးပွားဖြစ် မှို စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိ


MNP   -    ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိသားစုတနိုင်တပိုင် မှို စိုက်ပျိုးမှုလုပ်ငန်း လုပ်ကိုင်ကြသူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ဓနုဖြူမြို့နယ် အမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၁၇)ရပ်ကွက်အကြား ရေကာတာအနီးတွင် စိုက်ပျိုးထားသော မှို စိုက်ပျိုးရေးခြံသို့ သွားရောက်လေ့လာခဲ့ရာ မှိုစိုက်ပျိုးရေးခြံ တာဝန်ခံဦးလှစိုးမှ မှို စိုက်ပျိုးရာတွင် ပုံမှန်အပူချိန် ၂၅ ဒီဂရီ ရရှိဖို့လိုအပ်ကြောင်း၊ မှိုစိုက်ပျိုးမည်ဆိုလျှင် နွေ၊ မိုး၊ ဆောင်း စိုက်ပျိုး၍ ရနိုင်ကြောင်း၊ လိုအပ်သော အပူချိန်ကိုလည်း ချိန်ညှိပေးရန်လိုအပ်ကြောင်း၊ မှို စိုက်ပျိုးရာမှာ လိုအပ်တာတွေကတော့ ဗေဒါ၊ စက္ကူချပ်၊ ကောက်ရိုးတို့ပဲဖြစ်ပါတယ်၊ အဓိက လိုအပ်တာကတော့ ဗေဒါပဲဖြစ်ပါတယ်၊ ဗေဒါဟာဆိုရင် မှို ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးသော ဓာတ်စာဖြစ်ကြောင်းသိရသည်။


ယခု မှို စိုက်ခင်းမှာတော့ မှိုမျိုးစေ့ ၁၅၀၀ စိုက်ပျိုးထားရှိပြီး စတင်စိုက်ပျိုးသည့်ရက်မှ ၁၅ ရက်နှင့် ၂၀ ရက်အတွင်း တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်မက ခူးဆွတ်နိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင် အရင်းအနှီး တစ်သိန်းရင်းလျှင် အမြတ်အစွန်း ၂ သိန်းကျော်ခန့် ကျန်ရှိကြောင်း၊ တင်ပို့ရောင်းချရာတွင်လည်း မှို အရွယ်အစား၊ အဖူးအပွင့်ပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိကြောင်း၊ ဒေသအတွင်းသာမက ရန်ကုန်သို့လည်းတင်ပို့ ရောင်းချရကြောင်း၊ မှို ၁ ပိဿာကို ငွေ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ၁၉၀၀၀၀ ကျပ်ဖိုးဝင်ငွေ ရရှိလျက်ရှိကြောင်း၊ ယခုလို မှို စိုက်ပျိုးမှုကြောင့် ပုံမှန်ဝင်ငွေရရှိပါတယ်ဟု မှိုစိုက်ပျိုးရေး တာဝန်ခံ၏ ပြောပြချက်အရသိရသည်။


အောင်ပြည့်ဖြိုးဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)