ဖား​ဆောင်းမြို့၌ မြို့နယ်အိမ်ခြံ​မြေအကျိုး​ဆောင်များဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့၌ မြို့နယ်အိမ်ခြံ​မြေအကျိုး​ဆောင်များဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ





MNP   -   ဇန်နဝါရီလ ၂၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်မြို့နယ်တွင်း အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ကိုင်​နေသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊​ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ အိမ်ခြံ​မြေလုပ်ငန်းစိတ်ဝင်စားသူများမှတစ်ဆင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်​စေရန် ရည်ရွယ်၍အိမ်ခြံ​မြေ အကျိုး​ဆောင်များဆိုင်ရာ  ညွှန်ကြားချက် အမှတ်(၁/ ၂၀၂၂) ထပ်ဆင့်ပြန်လည် ရှင်းလင်း​ဆွေး​နွေးခြင်းကို ယ​မန်​​နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး  အစည်းအ​ဝေး ခန်းမ၌  ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်အိမ်ခြံ​မြေ  အကျိုး​ဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက မြို့နယ်အိမ်ခြံ​မြေ အကျိုး​ဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အကျိုးဆောင်အသင်းများဖွဲ့စည်းခြင်း၊ လိုက်နာရမည့်သတ်မှတ်ချက်များ၊ အကျိုး​ဆောင်နှင့်ဝန်​ဆောင်မှုရယူသူများအား အကာအကွယ်​ပေးခြင်းနှင့်အခွင့်အ​ရေးများ၊ ထိန်းသိမ်းကြီးကြပ်ခြင်းနှင့်အ​ရေးယူခြင်း၊ အကျိုး​ဆောင်လုပ်ငန်းအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်စသည့် ညွှန်ကြားချက်များအား ရှင်းလင်း​ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အိမ်ခြံ​မြေအကျိုး​ဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့အတွင်း​ရေးမှူး ရဲမှူး​ကျော်ထင်က အိမ်ခြံ​မြေရောင်းဝယ်မည့်သူများအ​နေဖြင့်  အသိအမှတ်ပြုလက်မှတ်ရှိမှသာ​ ရောင်းဝယ်ရန်  လိုအပ်​ကြောင်း၊ အဖွဲ့ဝင် ဦး​နေထူးဟန် မြို့နယ်အခွန်ဦးစီးဌာနမှ အခွန်​ပေး​ဆောင်ခြင်းဆိုင်ရာများကို​ ရှင်းလင်း​ဆွေးနွးပြီး၊ ရပ်ကွက်/​​ ကျေးရွာအုပ်ချုပ်​ရေးမှူးများက သိရှိလိုသည်များကို ​မေးမြန်းတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း​​ပြောကြားခဲ့​ကြောင်း သိရသည်။


နန်းသဲနု​အောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)