ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်းကောက်ယူမှု အိမ်ထောင်စု(၃၆၉၇၆)စု ကောက်ယူပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်းကောက်ယူမှု အိမ်ထောင်စု(၃၆၉၇၆)စု ကောက်ယူပြီးစီး


MNP  -  ဇန်နဝါရီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများအလိုက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု (၃၆၉၇၆)စု ကောက်ယူနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာပေါင်း (၃၆) ခုရှိပြီး မြေပြင်စာရင်းကောက်ယူမည့် ကောက်ကွက်ယူရေးအဖွဲ့ (၁၃၅)ဖွဲ့ဖြစ်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ များအနေဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။


အဆိုပါမြေပြင်လူဦးရေစာရင်းကောက်ယူမည့် အိမ်ထောင်စုမှာ အမည်စာရင်းပါကောက်ယူရမည့် အိမ်ထောင်စု(၃၄၈၀၇)စုရှိပြီး မြေပြင်ကောက်ယူရရှိသော စာရင်းများအရ ယခုလ(၁၄)ရက်နေ့အထိ အမည်စာရင်းပါ အိမ်ထောင်စု (၁၉၁၈၀)စုနှင့် အိမ်ထောင်စုအလွတ်ပုံစံဖြင့် ကောက်ယူမှု(၁၇၇၉၆)စု စုစုပေါင်းကောက်ယူပြီးစီးမှု (၃၆၉၇၆)စုရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်အမည်စာရင်းပါ အိမ်ထောင်စု(၁၅၆၂၇)စုအား ဆက်လက်မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။


အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရာနေရာများသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာတာဝန်ရှိသူ (working group)အဖွဲ့များက ရပ်ကွက်၊ ကျေးရွာများအလိုက်ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မြေပြင်ကွင်းဆင်းဆက်လက်ကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)