MNP ၊ ဇန်နဝါရီလ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် အနောက်ပိုင်းရပ်ကွက် အမှိုက်များအား လိုက်လံတင်ဆောင်ပြီး သုဿာန်အမှိုက်ကန်တွင် လာရောက်စွန့်ပစ်နေစဉ် ယမန်နေ့ နံနက် ၈ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများသည် လက်လုပ်သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး အမှိုက်ကားမောင်းသူ ၂ ဦးတို့အား ခြိမ်းခြောက်ပြောဆိုကာ အမှိုက်ကားနှင့် ယာဉ်မောင်းကိုင်ဆောင်သည့် ဖုန်း ၁ လုံးတို့အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
အမှိုက်ကားမောင်းသူ ၂ ဦး သည် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မည့်ဘေးမှ လွတ်မြောက်ကာ ၎င်းတို့နေထိုင်ရာနေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment