ဘားအံတက္ကသိုလ်၌ ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ ဘွဲ့လွန်မဟာတန်းအပါအဝင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ ၂၅၁ ဦးအား ဘွဲ့အပ်နှင်းချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံတက္ကသိုလ်၌ ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ ဘွဲ့လွန်မဟာတန်းအပါအဝင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ ၂၅၁ ဦးအား ဘွဲ့အပ်နှင်းချီးမြှင့်





MNP  -  ဇန်နဝါရီ ၁၅

ဘားအံတက္ကသိုလ်တွင် သင်ကြားရေးဌာန ၁၄ ခုမှ ဘာသာရပ်ပေါင်း ၁၆ ခုကို သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ ဘွဲ့လွန်မဟာတန်း အပါအဝင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ ၂၅၁ ဦးအား (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့သည်။


ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မောင်တို့မယ်တို့ သင်ကြားခဲ့သည့်အထူးပြုသာဘာရပ်များကို နိုင်ငံတော်နှင့် ပြည်နယ် တိုးတက်မှုလုပ်ငန်းများတွင် အသုံးချနိုင်အောင် ကြိုးစားဖို့လိုပြီး ပိုမိုတိုးတက်အောင်ထပ်မံလေ့လာ ဖို့ လိုအပ်ကာ နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သည့် ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဘွဲ့ရရုံမျှနှင့်ကျေနပ်တင်းတိမ်မနေကြဘဲ မျက်မှောက်ခေတ်ကာလ၏ လိုအပ်ချမ်းများနှင့်ခေတ်မီတိုးတက်နေသည့် နည်းပညာပိုင်းဆိုင်ရာများကို အစဉ်သတိပြုပြီး လေ့လာဆည်းပူး နေကြ ဖို့လိုကြောင်းပြောကြားသည်။


ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့်တကွ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များသည် ဘွဲအပ်နှင်းမည့်စင်မြင့်ထက်တွင် နေရာယူကြပြီး လိုအပ်သည့်ကတိခံ ဝန်ချက်များရယူကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က  မဟာဝိဇ္ဇာ/သိပ္ပံဘွဲ့ရသူ(၇၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ရသူ(၁၃)ဦး၊ ဝိဇ္ဇာဘွဲ့ရသူ(၃၇)ဦးနှင့် သိပ္ပံဘွဲ့ရသူ(၁၂၉)ဦး စုစုပေါင်း(၂၅၁)ဦးကို ဘွဲ့အပ်နှင်းချီးမြှင့် သည်။


ယင်းနောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက အပ်နှင်းပြီးဖြစ်သော ဘွဲ့ရပုဂ္ဂိုလ်များ စာရင်းကိုလက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင်အခမ်းအနားဆိုင်ရာ မိန့်ခွန်းကိုပြောကြားကာ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုတ်သိမ်းသည်။


အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘွဲရမောင်မယ်များနှင့် မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)