(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သာယာကုန်း-ရေကျော်-ခွေးလှော်ဖော်-နတ်ကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သာယာကုန်း-ရေကျော်-ခွေးလှော်ဖော်-နတ်ကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်






MNP  -  ဇန်နဝါရီ ၁၅

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော သာယာကုန်း-ရေကျော်-ခွေးလှော်ဖော်-နတ်ကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။


လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများကို နှစ်စဉ်အဆင့်  မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ယက်များကိုအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက် အဦ ဖြစ်သည့် လမ်း၊ တံတားများကို ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစော ကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင် များအား လက်ရောက်ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သာယာကုန်း-ရေကျော်-ခွေးလှော်ဖော်-နတ်ကျွန်းလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြကာ လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံတိုင်းရင်း သားပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)