မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ



MNP    -    ဇန်နဝါရီ ၃၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) အမှတ်(၂၅)တို့ ပူးပေါင်းကျင်းပသော(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါပြိုင်ပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ)-၂၅ ကျောင်း အထက်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းကပြိုင်ပွဲဝင်စည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။


မြင့်မြင့်သန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)