ဘားအံခရိုင် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံခရိုင် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများပြုလုပ်




MNP  -   ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများကို ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ မျိုးချစ်စိတ်ဓာတ်များ ဖြစ်ပေါ်လာရေးအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။


ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ကာယ၊ ဉာဏပြိုင်ပွဲများကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပြီး ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား/သူများက ကာယ၊ ဉာဏဖွံ့ဖြိုး စေမည့် ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ အင်္ဂလိပ်-မြန်မာစာလုံး ဆက်ပြိုင်ပွဲ၊ ဖယောင်းတိုင် ရေဘူးထည့်ပြိုင်ပွဲ၊ ဘောလုံးခြေညှပ်သယ်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ စသည်တို့ကို ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)