MNP - ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ငှက်ပျောပင်ပေါက်လေးများကို တစ်ပင်နှင့်တစ်ပင် ခြောက်ပေခြား၍ စိုက်ပျိုးပြီး နွေရာသီကလတွင် စိုက်ပျိုးမည်ဆိုပါက တစ်ပတ်တစ်ခါရေသွင်းပေးခြင်းဖြင့် အပင်အားကောင်းပြီး ငှက်ပျောပင်တက် ကလေးများပုံမှန်ထွက်သလို ငှက်ပျောခိုင်နှင့်ငှက်ပျောသီးများ ရောင်းတမ်းဝင်ကာဈေးကောင်းရရှိကြောင်း၊ ငှက်ပျောရွက်ခြောက်များကို ပုံမှန်ခုတ်ထွင်ရှင်းလင်းပေးရကြောင်း၊ ငှက်ပျောပင်များသည် အပူရှိန်များခြင်းနှင့် ရေငတ်သည့်ဒဏ်ကို ခံနိုင်ခြင်းမရှိသောကြောင့် ရေဝပ်လျှင်အရွက်များဝါပြီး အပင်သေတတ်သောကြောင့် ရေမဝပ်စေရန် ဂရုစိုက်ရပြီး စိုက်ပျိုးရကြောင်း၊ အေးသောရာသီဉတုကို ကြိုက်နှစ်သက်သောကြောင့် မိုးတွင်းနှင့် ဆောင်းတွင်းကာလများတွင် ပိုမိုဖြစ်ထွန်းသဖြင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးလာကြကြောင်း၊ ရခိုင်ငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် နံ့သာဖူးငှက်ပျောပင်များကို အများဆုံးစိုက်ပျိုးကြောင်း၊ ဖီးကြမ်းငှက်ပျောတစ်ခိုင်လျှင် ငွေကျပ်(၁၀၀၀၀)ကျပ်၊ ရခိုင်ငှက်ပျော တစ်ခိုင်လျှင် ငွေကျပ်(၆၀၀၀)ကျပ်ဈေးရပြီး မြို့တွင်းရှိ ရိုးရာမုန့်လုပ် ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူများက အများဆုံးလာရောက်ဝယ်ယူကြောင်း၊ ငှက်ပျောပင်များကြီးထွားလျှင် အရိပ်လည်းရ ဝင်ငွေလည်း ပုံမှန်ရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အမှတ် (၁) ရပ်ကွက်ရှိ ငှက်ပျောပင်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost


No comments:
Post a Comment