ပြည်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 




MNP  -  ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ဗဟိုမီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်မံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းက သင်တန်ဆင်းအမှာစကားပြောကြားပြီး ပြည်မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်လင်းစိုးက သင်တန်းနှင့်သက်ဆိုင်သောသုံးသပ်ချက်များအား ရှင်းလင်းပြောကြားသည်။


ယင်းနောက်သင်တန်းတွင် ဆုရရှိသူများအားဆုများကို ဆက်လက်ချီးမြှင့်ရာ ပထမဆုရရှိသော တပ်သားဝေယံအောင်(ကျောင်းကြီးအိုးတန်းရပ်ကွက်)၊ ဒုတိယဆုရရှိသော တပ်သားမျိုးကျော်သူ(ဆံတော်ရပ်ကွက်)နှင့် တတိယဆုရရှိသော တပ်ကြပ်ကြီးသက်ဇော်ထွဋ်(ဝါရုံရပ်ကွက်)တို့အား ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းကလည်းကောင်း၊ သင်တန်းသားများကိုယ်စားတပ်ဖွဲ့ဝင်တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို ခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်နိုင်ထွန်းကလည်းကောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို မြို့နယ်လဝကဦးစီးမှူးဦးဇော်နိုင်သန်းကလည်းကောင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်လင်းစိုးတို့က အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်မံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းကို ဇန်နဝါရီ(၂)ရက်နေ့မှ ဇန်နဝါရီ(၂၇)ရက်နေ့ထိ သင်တန်းသား(၅၀)ဦးအား မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာ၊ လက်နက်မဲ့စစ်ရေးပြပညာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာမှ သိရသည်။


အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများသန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


ကိုစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)