ကျိုက်ထိုမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ







MNP  -   ဇန်နဝါရီ ၂၇

    မွန်ပြည်နယ် ကျိုက်ထို မြို့နယ် တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နံနက် ၉ နာရီခွဲ တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


      အခမ်းအနားတွင်ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်ထွန်းက "အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်သင်တန်းမှသင်ကြား ပေးခဲ့သော အတတ်ပညာရပ်များနှင့်အတူ စေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့နာသုံးနာဖြင့်မိမိတို့နေထိုင်တဲ့ရပ်ရွာအတွင်းမှာမီးလောင်မှုမဖြစ်ပွားအောင်နှင့်မီးလောင်မှုဖြစ်ခဲ့ပါကလည်း မီးလောင်မှုကြီးအဆင့်သို့မရောက်ရှိအောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပေးကြပါ လို့"တိုက်တွန်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့်ထူးချွန်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး နှင့် အဖွဲ့ဝင်များကချီးမြှင့်ပေးအပ်ခဲ့သည်။


     ယင်းနောက် သင်တန်းတွင်ပို့ချသင်ကြားခဲ့သည့် မီးငြှိမ်းသတ်ယာဉ်ဖြင့် ဆီမီးလောင်မှုငြိမ်းသတ်ခြင်း၊မီးသတ်ဆေးဘူးအသုံးပြုပုံ၊HNE Water Mist Gun သုံးပြုပုံ၊ (Hydraulic Rescue Tools) အသုံးပြုပုံများအားသရုပ်ပြသပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့သည်။


    အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများမှသင်တန်းသား (၅၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာရက်သတ္တ ပတ် (၄)ပတ်ကြာ စာတွေ့ လက် တွေ့သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)