စစ်တွေခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများပေါ်ထွန်းလာစေရေး အဆိုပြုကျောင်း (၃)ကျောင်းအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများပေါ်ထွန်းလာစေရေး အဆိုပြုကျောင်း (၃)ကျောင်းအား ကွင်းဆင်းစစ်ဆေး



MNP    -  ဇန်နဝါရီ  ၂၇

      ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများပေါ်ထွန်းလာစေရေး အဆိုပြုစာသင်ကျောင်း (၃)ကျောင်းအား ယမန်နေ့က စစ်တွေခရိုင် ပညာရေးမှူးဒေါ်အေးအေးစန်း ဦးဆောင်သော အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


        စစ်တွေခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် စတုတ္ထအကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောဆု ယှဥ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်း (National Clean and Green School Award) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း ဆုချီးမြှင့်ခြင်းအစီအစဥ်များကို နှစ်စဥ် ဇွန်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ``ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် အလက ကြွီတဲ၊ အထက(၇)၊ ပေါက်တောမြို့နယ် ၊ အမက သစ်ခေါင်းတော ကျောင်း (၃) ကျောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ချမှတ်ထားသောအခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇)ချက်နှင့်အညီ ကွင်းဆင်းစစစ်ဆေးခဲ့ကြသည်။


       အဆိုပါ ပူးပေါင်းအဖွဲ့သည် စစ်တွေခရိုင်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရန်၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းသန့်ရှင်းခြင်းနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးစိတ် တိုးတက်မှုရရှိလာစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ မြှင့်တင်နိုင်စေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် အထောက်အပံ့ဖြစ်ပေါ်လာစေရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရပ်ရွာလူထုမှ မျှဝေလိုက်နာဆောင်ရွက်ရန် စသည့်အချက်များဖြင့် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း စစ်တွေခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထိုက်အောင်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)