ရမည်းသင်းမြို့၊ အထက်တန်းကျောင်း(ခွဲ)၊ လ.က.ရ(၃)ကျောင်း၌လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့၊ အထက်တန်းကျောင်း(ခွဲ)၊ လ.က.ရ(၃)ကျောင်း၌လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ



MNP  -    ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ရမည်းသင်းမြို့၊ မြင်းနားကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း(ခွဲ)၊ လ.က.ရ(၃)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အထက်တန်းကျောင်း(ခွဲ)၊ လ.က.ရ(၃)ကျောင်း Grade-11ကျောင်းသူ မချိုဇင်ဦးမှ လူငယ်နှင့် စာပေကိုလည်းကောင်း၊ Grade-10 ကျောင်းသားမောင်အောင်ဆန်းဖြိုးမှ လူငယ်နှင့်မျိုးချစ်ကိုလည်းကောင်း၊ Grade-10 ကျောင်းသား စိုင်းမင်းထက်မှ လူငယ်နှင့်ကျန်းမာကိုလည်းကောင်း၊ Grade-10ကျောင်းသူ မနွေးနွေးထွေးမှ လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ ခေါင်းစဉ်အလိုက်သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်သူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် အထက်တန်းပြဆရာမ ဒေါ်စန်းသီတာတို့က ဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အထက်တန်းကျောင်း(ခွဲ)၊ လ.က.ရ(၃) ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)