မင်းလှမြို့တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးပွဲပြုလုပ်



MNP  -   ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက ကျောင်းသားလူငယ်များ၏ အဆင့်အတန်းမြင့်မားစေဖို့ ကျောင်းကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံးစေဖို့ ကျောင်းကျန်း မာရေးကဏ္ဍကြီး တစ်ခုလုံးကို ကျောင်းသားလူငယ်များ ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းဆရာဆရာမများနှင့် ပြည်သူတစ်ရပ်လုံးက တတ်ညီလက်ညီနှင့် ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ကျောင်းကျန်းမာရေးသူနာပြု ဆရာမဒေါ်စန်းစန်းဝင်းက ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံး ပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးချက်များကို Power Point ဖြင့် ရှင်း လင်းပြောကြားသည်။


ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမများ တတ်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)