မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ်တွင် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရန် Grade-8/ 9 ကျောင်းသား/သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ်တွင် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရန် Grade-8/ 9 ကျောင်းသား/သူများနှင့်တွေ့ဆုံ



MNP  -     ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်တွင် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း၊ စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရန် Grade-8/ 9 ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့သည်။


​ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြေထိန်းနံရံတည်ဆောက်ခြင်း (၁၀၀'x၁၂') လုပ်ငန်းအား ကျပ်သန်း(၃၅)သန်းဖြင့်တည်ဆောက်ပြီး ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၉၅)ရာခိုင်နှုန်းပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်ထွန်းက အ-ထ-က(ဆင်ပေါင်ဝဲ)၏ သမိုင်းကြောင်းနှင့် ကျောင်းသား/သူများ ကျောင်းတက်ရောက်မှုအခြေအနေတို့အား အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ပညာရေးမှူးတို့က အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး Grade-8/9 ကျောင်းသား/သူများအား တွေ့ဆုံဆွေးနွေး အမှာစကားများပြောကြားခဲ့ပြီးအခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)