MNP - ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံများအား ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌန၊ ဦးစီးမှူးဦးဇော်လင်းဟန်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးများထားရှိမှု၊ မီးသတ်ရေကန်များ ရေဖြည့်ဆည်းထားရှိမှု၊ မီးချိတ်၊ မီးကပ်နှင့် လှေကား စသည့်မီးငြိမ်းသတ်ရေး ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆေးနွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment