မင်းဘူး(စကု)မြို့နယ်တွင် ဈေးကောင်းရနေသည့် ဖူးစားပြောင်းများပိုမို စိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ဈေးကောင်းရနေသည့် ဖူးစားပြောင်းများပိုမို စိုက်ပျိုးလာ



MNP   -   ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် ပြောင်းဖူးဈေး ကောင်းသောကြောင့် ဖူးစားပြောင်းတွေကို ပိုမိုစိုက်ပျိုး လာကြသည်ဟု ဒေသခံ တောင်သူတွေထံမှ သိရသည်။


ဖူးစားပြောင်းသည် စိုက်ပျိုးပြီး ၂ လအကြာတွင် စတင်ဖူးပြီး ၃လ အကြာတွင် အဖူးများချိုးကာ ရောင်းလို့ရကြောင်း သိရသည်။ ဖူးစားပြောင်းတွင် ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေး ဟူ၍ သုံးမျိုးရှိ ပြီး၊ လက်လီဈေး တစ်ဖူး ကျပ် ၂၅၀ နှင့် လက်ကားဈေး ကျပ် ၂၀၀ ဈေး ဖြစ်ကာ သကြားပြောင်းနှင့် ပြောင်းစေး ဈေးတူရောင်းချရ၍ အခုကဲ့သို့ ဈေးတက်နေချိန်တွင် ပြောင်းဖူးစိုက်ပျိုးခြင်းများကို ပိုမိုအလေးထား စိုက်ပျိုးကြသည်။


ဖူးစားပြောင်းများကို တောင်သူအများစုက လေဝင်၊ လေထွက် ကောင်းစေရန် တန်းလိုက်စိုက်ပျိုးကြပြီး တစ်ဧကကို ပြောင်းဖူးပင် အရေအတွက် ၁၀၀၀၀ လောက် ဝင်ဆံ့ကာ တစ်ပင်ကို သုံးဖူး/လေးဖူး ဖူး၍ စားလို့ကောင်းပြီး ဈေးကောင်းရသော သကြားပြောင်းနှင့် ပြောင်းစေးများကို ပိုမို စိုက်ပျိုးလာကြကြောင်း မင်းဘူး(စကု)မြို့နယ် ဒေသခံ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)