နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထွက်လာပြီး မိမိတို့ ပါတီအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထွက်လာပြီး မိမိတို့ ပါတီအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပြောကြား






MNP ၊ ဇန်နဝါရီ ၃၁

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထွက်ပေါ်လာပြီးနောက် တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ အနေဖြင့် ယမန်နေ့က အစည်းအဝေး ကျင်းပခဲ့ရာ ဥက္ကဋ္ဌ ဦးဟန်ရွှေ က နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထွက်လာပြီးဖြစ်ကြောင်း၊ ဥပဒေကို ဥက္ကဋ္ဌများအနေနှင့် စေ့စပ်သေချာစွာဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ ဥပဒေအရ မိမိတို့ ပါတီအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပါတီ ဥက္ကဋ္ဌဦးဟန်ရွှေ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်ကော်မတီဥက္ကဋ္ဌများ ဗီဒီယိုကွန်ဖရင့်နည်းဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့်အတူအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်း၊ ဦးညွန့်တင် ၊ ဗဟိုအလုပ်အမှု

ဆောင်ကော်မတီဝင် ဦးခင်မောင်သိန်း၊ ဦးတင်အောင်၊ ဒေါ်တင်တင်ထွေး၊ ဦးတင်ထွန်း၊ နိုင်ငံရေးကော်မတီကြီး အတွင်းရေးမှူး ဦးအောင်ငွေ၊ ပါတီသတင်းစဉ်မှ သတင်းတင်ဆက်သူများတက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဟန်ရွှေက အမှာစကားပြောကြားရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထွက်လာပြီးဖြစ်ကြောင်း၊ ဥပဒေကို ဥက္ကဋ္ဌများအနေနှင့်စေ့ စပ်သေချာစွာဖတ်ရှုလေ့လာကြဖို့ လိုကြောင်း၊ ဥပဒေအရ မိမိတို့ ပါတီအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ ဥက္ကဋ္ဌများအနေဖြင့် ဌာနချုပ်၏ညွှန်ကြားချက်များအတိုင်း စာရင်းဇယားများကို ပြည့်ပြည့်စုံစုံရေးသားဖြည့်စွက် တင်ပြကြရန်လိုကြောင်း စသည်ဖြင့်ဆွေးနွေးမှာကြားပါသည်။


ထို့နောက် ဒုတိယဥက္ကဋ္ဌဦးသိန်း ထွန်းက မကြာမီကျင်းပကြမည့် ပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဥက္ကဋ္ဌများ ကဆွေးနွေးတင်ပြကြရာတွင် အဓိကထားဆွေးနွေးကြရမည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့မှ ဥက္ကဋ္ဌများက မိမိတို့ဒေသအတွင်းစည်းရုံးအခြေအနေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ အစပြုပြီးဆောင်ရွက်နေသည့် လုပ်ငန်းများ ကိုဆွေးနွေးတင်ပြကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)