လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ ငှါးရမ်းဖတ်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ ငှါးရမ်းဖတ်ရှု


MNP  -  ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန်စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ များပြားလာကြောင်း သိရသည်။


ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာရုပ်ပုံပြ ပုံပြင်စာအုပ်များ စသည့် စာအုပ်/စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်သည် ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ (Talk Show) အစီအစဉ်များနှင့် ကလေးများပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းသာစွာ စာပေများကိုဖတ်ရှုလေ့လာစေရန်အတွက် သီးသန့်ဆောင်ရွက်ထားရှိပြီး ကလေးများစိတ်ကြိုက်ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)