MNP - ဇန်နဝါရီ ၃၁
ဒေသခံတောင်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စိုက်ကွင်းအသိပညာပေးကွင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဘိန်းအစားထိုး(နားလီ)စိုက်ပျိုးရေးခြံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောက်ကိုင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ ကွင်းသရုပ် ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးမြတ်ထင်အောင်မှ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်သည်ကို သရုပ်ပြသရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးမိုးမင်းစိုးမှ Cannolar ဆီမုံညင်းမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ဘိန်းအစားထိုး(နားလီ)စိုက်ပျိုးရေးခြံဦးစီးမှူး ဦးမြမင်းမှ ဆောင်းသီးနှံနယ်သာလန်အာလူးမျိုး စမ်းသပ်စိုက်ပျိုးထားရှိမှုအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများစုစုပေါင်း(၄၀)ဦးခန့် တက်ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment