MNP - ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပတ္တာကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ရုံးပတီသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ရုံးပတီပင်များသည် ရေကြိုက်နှစ်သက်သဖြင့် ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များကောင်းစွာပြုပြင်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ကြောင်း၊ အပင်ကြီးထွားရန်အတွက် အပင်ငယ်ချိန်တွင်မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အသီးထွက်နှုန်းကောင်းမွန်ကြောင်း၊ အပင်ပြုစုကောင်းပါက (၃)လခန့်အထိ ခူးဆွတ်ရောင်းချပြီး ကိုင်းကျွန်းနုန်းမြေနုများတွင် စိုက်ပျိုးပါကပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။
ရုံးပတီသီးနှံ တစ်ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့် သွင်းအားစုအပေါ်မူတည်ပြီး ကုန်ကျငွေ ကျပ်(၁)သိန်းမှ (၁)သိန်းခုနှစ်သောင့်ခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ပေါင်း(၆၀)ကျော်တွင် စတင်ခူးဆွတ်ရောင်းချရပြီး စတင်ခူးဆွတ်ရာတွင် ပိဿာချိန်(၁၂)ပိဿာခန့်သာရရှိပြီး အသီးလှိုင်ချိန်တွင် အချိန်(၆၀)ပိဿာအထိ ခူးဆွတ်ရောင်းချရကာ (၁)ပိဿာလျှင် ငွေကျပ်(၁)ထောင်နှုန်းဖြင့် နေ့စဉ်ထွက်ရှိသော ရုံပတီသီးနှံများကို ပွဲစားများမှဝယ်လျက်ရှိသောကြောင့် ရုံးပတီသီးနှံစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment