MNP - ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရောင်အူ “ဝ” အုပ်စု၊ ရောင်အူ“ဝ”ကျေးရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေအား ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့အချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ရောင်အူ“ဝ”ကျေးရွာသူ/ ရွာသားများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်မျာထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၃၁၂) သိန်းအားလွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာကော်မတီဝင်များက ရောင်အူ“ဝ”ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကြသည့် အသင်းသား(၁၄)ဦးတို့အား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို တစ်ဦးချင်းစီ လက်ဝယ်အရောက် ထုတ်ချေးခဲ့ကြောင်း သိရသည်။
ပန်းကျင်
https://t.me/MyanmarNationalPost



No comments:
Post a Comment