ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကျင်းပ


MNP  -  ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသ ကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံ၍ ဝန်ကြီး ဌာန၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက် ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ်(၂၃)ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှဌာနခွဲ တာဝန်ခံလက်ထောက် အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ဦးစီးဌာနများ အနေဖြင့် ရုံးချုပ်နှင့် တိုင်းဒေသ ကြီး /ပြည်နယ် ဦးစီးမှူးရုံးများ လုပ်ငန်း ဆောင်ရွက်ရာတွင် သဘောသဘာဝ မတူညီကြဘဲ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးများအနေဖြင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့၍ဆောင် ရွက်ပေးနေခြင်းများကို တွေ့ရှိရပြီး ရုံးချုပ်အနေဖြင့် နည်းပညာ ပိုင်းဆောင်ရွက်မှု၊ အထက်ဌာနများ၏ လမ်းညွှန်ချက်နှင့်အညီ ကြီးကြပ်မှုများ ပြုလုပ်ကြရပြီး လုပ်ငန်းများကို စနစ်တကျဖြင့် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုပါကြောင်း၊ MoU/LoA အသစ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသော UN/ INGO အဖွဲ့များနှင့် ပတ်သက်၍လည်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပြည့်စုံရေး၊ လိုက်နာရမည့် အချက်အလက်များ မှန်ကန်တိကျရေး အလေးထား ဆောင်ရွက်ပြီး ပြည့်စုံမှသာ ထောက်ခံချက်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် အလေးထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့်လုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးတက်ရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။


ဆက်လက်၍ အမြဲတမ်း အတွင်းဝန်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင် ရွက်ရမည့် ကိစ္စရပ်များကို မှာကြားသည်။


ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ အကောင်အထည်ဖော်နိုင်မှု ရလဒ်များ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့်အတူ ညစာအတူတကွ သုံးဆောင်ပြီး တက်ရောက်လာသူများကို ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ အဆိုပါအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)