MNP - ဇန်နဝါရီ ၂၁
ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၂၁ အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
လီဗာပူးလ် - ချဲလ်ဆီး (ယနေ့ည ၇:၀၀)
လီဗာပူးလ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ဟာ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နစ်သင်းစလုံးဟာ လက်ရှိအချိန်မှာ အတော်လေးရုန်းနေကြရတာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းကဘဲ ၂-၁ ဖြင့် အနိင်ရသွားပါလိမ့်မယ်။
ဘုန်းလ်မောက် - နော်တင်ဟမ်ဖောရက်စ် (ယနေ့ည ၉:၃၀)
ဘုန်းလ်မောက်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ဘုန်းလ်မောက်အိမ်ကွင်း ဗီတာလီတီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဖောရက်စ်တို့ဟာ ရာသီအစပိုင်းရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ တဖြည်းဖြည်းတိုးတက်လာခဲ့တာဖြစ်ပြီး ဘုန်းလ်မောက်တို့ကလည်း ရုန်းကန်နေရတာကြောင့် ဧည့်သည်ဖောရက်စ်အသင်းက ၀ - ၁ ဖြင့်အနိုင်ရသွားမည်။
လက်စတာ - ဘရိုက်တန် (ယနေ့ည ၉:၃၀)
လက်စတာအသင်းနှင့် ဘရိုက်တန်အသင်းတို့ဟာ လက်စတာအိမ်းကွင်း ကင်းန်ပါဝါမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။လက်ရှိမှာ ဘရိုက်တန်အသင်းဟာ အတော်လေးကောင်းမွန်နေပေမယ့် လက်စတာအိမ်ကွင်းဖြစ်တာ ကြောင်း ဖြစ်နိုင်ချေအများဆုံး သရေဖြစ်ပေမယ့် အရဲစွန့်ပြီး လက်စတာအနိုင်ပေးချင်ပါတယ်။
ဆောက်သမ်တန် - အက်စတွန်ဗီလာ (ယနေ့ည ၉:၃၀)
ဆောက်သမ်တန်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဆောက်သမ်တန် လက်ရှိရာသီအတော်လေး ရုန်းကန်နေရပြီးဧည့်သည်ဗီလာတို့ကဘဲ ဂိုးပြတ်အနိုင်ရသွားမည်။
ဝက်စ်ဟမ်း - အဲဗာတန် (ယနေ့ည ၉:၃၀)
ဝက်စ်ဟမ်းအသင်းနှင့် အဲဗာတန်အသင်းတို့ဟာ ဝက်ဟမ်းစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ လက်ရှိမှာ ရုန်းကန်နေရပေမယ့် အိမ်ရှင်ဝက်စ်ဟမ်းအသင်းကဘဲ ဂိုးကွာဟချက် နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် - နယူးကာဆယ် (ယနေ့ည ၁၂:၀၀)
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆဲဟတ်ပေါတ့်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နယူးကိုကြိုက်ပေမယ့် ပဲလေ့စ်အိမ်ကွင်း ဖြစ်တာကြောင့် အရဲစွန့်ပြီး သရေပေးချင်ပါတယ်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment