ကျိုက်မရော မြို့နယ်၌ နွေစပါးစိုက် ဧက (၅၃၆၂) စိုက်ပျိုးရန် လျာထားပြီး စပါးများအောင်မြင်ထွန်း၍ စျေးကောင်းရရှိရန် မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော မြို့နယ်၌ နွေစပါးစိုက် ဧက (၅၃၆၂) စိုက်ပျိုးရန် လျာထားပြီး စပါးများအောင်မြင်ထွန်း၍ စျေးကောင်းရရှိရန် မျှော်လင့်


MNP  -   ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး စိုက်ဧက (၅၃၆၂)ဧက စိုက်ပျိုးရန် လျာထားပြီး ဇန်နဝါရီ လ ၂၁ရက်အထိ (၅၆၅၀)ဧကထိ ကျော်လွန်စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုစာရင်းအင်းဌာန (မြေစာရင်းဦးစီးမှူးရုံး) တာဝန်ရှိသူထံမှ သိရသည်။


ကျိုက်မရောမြို့နယ်ရှိ ပြည်သူများသည် စိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုပြီး အဓိက မိုးစပါးဧက စိုက်ပျိုး ရိတ်သိမ်းပြီးသည်နှင့် တူးမြောင်းရေကို အသုံးပြုကာ ရေကျ နောက်လိုက် စပါးမျိုးများကို စက်တင်ဘာလကုန်မှစ၍  စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထားကြပြီး နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် တောင်သူများအနေဖြင့် နွေစပါး ရိတ်သိမ်း ပြီးချိန်တွင် စပါးစျေး ကောင်းရရှိရန် မျှော်လင့်လျက်ရှိနေပါကြောင်း နတ်စမ်း ကျေးရွာ ကွင်းအမှတ် ၅၈၄(ခ) တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် တောင်သူ ဦးစောဟန်၏ စိုက်ခင်း၌ မနောသုခ စပါးမျိုးများကို စိုက်ပျိုးထားရာ ယခင်နှစ်က စပါး အထွက်နှုန်းမှာ တစ်ဧကလျှင် ၆၆.၄၈ ရာခိုင်နှုန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင်လည်း အထွက်နှုန်း ကောင်းပြီး စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တောင်သူ ဦးစောဟန်၏ ​ပြောပြချက်အရ သိရသည်။


 ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)