ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေရိုင်း(လယ်လပ်)များအား စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေရိုင်း(လယ်လပ်)များအား စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းအား ကြည့်ရှုစစ်ဆေး




MNP  -   ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အတွင်း စားရေရိက္ခာ ဖူလုံပိုလျှံရေးအတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိသော စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေရိုင်း(လယ်လှပ်)များအား စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းအား ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ (၁၅၄ ဒဿမ၆)သန့်ဖြင့် ဘားအံမြို့နယ်၊ ကော့သင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၉၀-က)တွင် စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေရိုင်း(လယ်လပ်) ၁၅၅ ဧကအား ဒေါနကြည်စင်ကုမ္ပဏီမှ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း ၇၄ ဒဿမ ၄၄ ရာခိုင်နှုန်းခန့် ပြီးစီးမှု၊ ဘားအံမြို့နယ်၊ တောင်သူ ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၆၃)၌ မိုးတက်လမ်းကုမ္ပဏီမှ စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေလပ် (မြေရိုင်း) ၁၉၅ ဧကအား စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း ၇၇ ဒဿမ ၂၃ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ထွန်စက်လုပ်ငန်း၊ မြေသားလမ်းဖို့ခြင်းလုပ်ငန်း၊ ရေသွင်း/ရေနှုတ်မြောင်း ဖောက်လုပ်ခြင်း၊ Box Culvert၊ Pipe Culvert ပြုလုပ်ခြင်း အစရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


အလားတူ ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာအုပ်စုတွင် စိုက်ပျိုးမြေ၊ မြေလွတ်၊ မြေလပ်(မြေရိုင်း) ၁၅၅ ဧက၊ ရသေပျံကျေးရွာတွင် ဧက ၁၀၀ နှင့် လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာတွင် ဧက ၃၀၀ တို့ကို စက်မှုလယ်ယာစနစ်ကျလယ်မြေများအဖြစ် ဖော်ထုတ်လျက်ရှိပြီး ကရင်ပြည်နယ်၏ လယ်ယာကဏ္ဍအရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ တစ်ဆက်တည်း ထွန်ယက်စိုက်ပျိုးနိုင်သော လယ်ကွက်များပေါ်ထွန်းလာစေရေး၊ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)