MNP - ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း(၁/၂၀၂၃)ကို ဝါးရုံပင်ဇင်းကျေးရွာအုပ်စု ရုံးပင်တန်းကျေးရွာတွင် ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ဒေသခံကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်းပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးပင်များ၊ ကိုင်းကူးဆက်နည်း၊ ကိုင်းပင်စည်မြေးစည်းကပ်နည်း၊ တမာပိုးသတ်ဆေး၊ ငြုပ်ပိုးသတ်ဆေး၊ ဒုတ္ထာနှင့်ထုံးပိုးသတ်ဆေး၊ ကြက်သွန်ဖြူပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖျော်စပ်နည်းများ၊ နေဗီယာမြက စိုက်ပျိုးနည်းများကို ဒေသခံတောင်သူများသို့ လက်တွေ့သရုပ်ပြဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment