MNP - ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အငှားဂရန် (ကြေးတိုင်အင်း) လျောက်ထားလာသည့် အင်း (၂၁) အင်းအား မြို့နယ်ကြေးတိုင်အင်း စီစစ်ရေးကော်မတီမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ အင်းဂရန်ကိုင်အင်းသားကြီးများနှင့် တွေ့ဆုံကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြေးတိုင်အင်းစီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အင်းဂရန်လျောက်ထားလာသည့် အင်းသားကြီးများအား ကြေးတိုင်အင်းရရှိလာပါက ငါးသယံဇာတ တိုးပွားရေး၊ ဒေသထုတ်ကုန်များတိုးမြင့်ထုတတ်လုပ်နိုင်ရေး၊ ဒေသတွင်း သား၊ငါး စာနပ်ရိက္ခာဖူလုံသည့်အပြင် အခြားဒေသများသို့တင်ပို့နိုင်သည့်အထိ ဆောင်ရွက်မှသာ ဒေသဖွံ့ဖြိုးတိုးတတ်လာမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတိုးတတ်လာသည်နှင့်အမျှ မြို့နယ်၏ဖွံ့ဖြိုးရေးအား ဘက်စုံမှပွင့်လင်းလာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အင်းချောင်းပြုပြင်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများအား အမှန်တကယ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ၊ ကြေးတိုင်အင်း စီစစ်ရေးကော်မတီအတွင်းရေးမှူး ဦးမျိုးသိမ်းမှ အငှားဂရန် (ကြေးတိုင်အင်း) လျောက်ထားလာသည့် အင်းသားကြီးများအား အင်းချောင်းများ တိမ်ကောလာခြင်း၊ ငါးသယံဇာတများရှားပါးလာခြင်းအား ကာကွယ်ထိမ်းသိမ်းရန်နှင့် သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရန်အတွက် အင်းချောင်းများပြုပြင်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်း၊ အင်းချောင်းပြုပြင်ခြင်းများ ဆောင်ရွက်ရန်၊ နှစ်ရှည်အငှားဂရန် (ကြေးတိုင်အင်း) လျောက်ထားလာခြင်းဖြစ်ကြောင်း လျောက်ထားလာသော အင်းများမှာ ပြဿနာတစ်စုံတရာမရှိဘဲ လေလံအောင်သော အင်းများကိုသာ လျောက်ထားခွင့်ပြုကြောင်း၊ ကြေးတိုင်အင်းစီစစ်ရေးကော်မတီမှ ကြေးတိုင်အင်းစည်းကမ်းများအား လျောက်ထားလာသူ အင်း (၂၁) အင်းမှ အင်းဂရန်ကိုင် အင်းသားကြီး (၁၇) ဦးနှင့် တွေ့ဆုံစီစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment