MNP - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် တပို့တွဲလအတွင်း စုပေါင်းပြီး ရိုးရာဓလေ့ ထမနဲထိုး၍ အလှူအဒါန်းများပြုလုပ်ကြကြောင်း သိရသည်။
ယခုနှစ်တပို့တွဲလတွင် အအေးဓာတ်ပို၍အေးသဖြင့် နေရာဒေသအသီးသီးတွင် ထမနဲထိုးပြိုင်ပွဲ ကိုကျင်းပ ကြသည်။ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ မြေပဲဆန်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြံသကာ(သို့)သကြား စသည်များစုစည်းပြီး အရသာစုံအောင်အထူးပြုလုပ်ထားသော ကောက်ညှင်း ထမင်းတစ်မျိုးဖြစ်သည်။ အရပ်ဒေသအလိုက်ကွဲပြီး ထမနဲကို နှမ်းထမနဲ၊ ယာဂုထမင်း ရှမ်းအခေါ် ခေါက်ယာဂု အခေါ်ဓလေ့ကွဲ ပြားကြသည်။ တပို့တွဲလရောက်တိုင်း မောက်မယ်မြို့နယ်တွင် ရပ်ကွက်အသီးသီး၊ ကျေးရွာအသီးသီး၌ စုပေါင်း၍ ထမနဲထိုးကာ တစ်အိမ်တက်ဆင်းအလှူအဒါန်းများ ပြုလုပ်သည့်ဓလေ့များကို ယနေ့အထိ ရှမ်းရိုးရာ ဓလေ့မပျက်ပြုလုပ်ကြကြောင်း မြင်တွေ့ရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost




No comments:
Post a Comment