MNP - ဇန်နဝါရီ ၂၄
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွား လာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်း(၁၀၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment