နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ပြုလုပ်ဆောင်ရွက်



MNP  -  ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင်နှင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အဆိုပါကျောင်းရှိ ပတ္တမြား ခန်းမဆောင်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များအား “ချမ်းမြေ့ပါစေ” သီချင်းဖြင့် ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးရဲလင်းဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းတို့က အသီးသီး  အမှာစကား ပြောကြားခဲ့ကာ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးဦးကျော်ဝင်းက ကျောင်းဖွံ့ဖြိုး တိုးတက်မှုအတွက် အဖက်ဖက်မှကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်အောင် တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီ လှူဒါန်း ပေးကြသည့် အလှူရှင်များအား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူလေး များက ပဒေသာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။


အဆိုပါပညာရေးစုံညီပွဲတော်သို့ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ကိုဆန်းနှင့်ဇနီး၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)