MNP - ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ဌာနဆိုင်ရာများမှစုပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ မြတ်လေးရုံကျောင်းလမ်းရှိ မြတ်လေးရုံဘုန်းကြီးကျောင်းနှင့် အမှတ်(၅) ရပ်ကွက်ရှိ အုန်းတောဘုန်းတော်ကြီးကျောင်း၌ ခြင်အန္တရာယ်မှကင်းဝေးစေရေးအတွက် ခြင်ဆေးများမှုတ်ခြင်း ၊ အဘိတ်ဆေးများခတ်ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်ရန်ကုမြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းးမာရေးဌာနမှုး၊ ကမာရွတ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကစုပေါင်း၍ ရပ်ကွက်အတွင်း သန့်ရှင်း လှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး အတွက်ရပ်ကွက်ရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ပေးခြင်း၊ အမှိုက် သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအားရှင်းလင်းပေးခြင်း၊ အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိမ်းလဲ့
https://t.me/MyanmarNationalPost



No comments:
Post a Comment