ဒဂုံမြို့နယ်တွင်​ ကျောင်းသား​ကျောင်းသူများ စာဖတ်ရှိန်မြင့်မား​ရေးအတွက် စကားပုံဆက်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့နယ်တွင်​ ကျောင်းသား​ကျောင်းသူများ စာဖတ်ရှိန်မြင့်မား​ရေးအတွက် စကားပုံဆက်ပြိုင်ပွဲကျင်းပ


MNP   -    ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင်​ကျောင်းသား​ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား​ရေးနှင့် အသိပညာဗဟုသုတတိုးပွား​စေ​ရေးအတွက် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ ​နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​မေသန္တာ က ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် စာဖတ်သည့်အ​လေ့အထဖြစ်​ပေါ်လာ​စေရန်၊ ဗဟုသုတပိုမိုတိုးပွားပြီး ရဲဝင့်စွာပါဝင်​ဆွေး​နွေး၊ ယှဉ်ပြိုင်နိုင်ကြရန်စသည်တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​သော် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)