ရွှေသောင်ယံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးTalk Showဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေသောင်ယံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးTalk Showဆောင်ရွက်


MNP   -    ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရွှေသောင်ယံမြို့ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို ့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ရီရီလွင်မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ပြည်သူများမီးသုံးစွဲရာ၌ ဆောင်ရန်ရှောင်ရန်အချက်အလက်များကို ကြိုတင်သိရှိထားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ရွှေသောင်ယံမြို့ မီးသတ်ဦးစီးဌာနမှတာဝန်ခံ ဦးဇော်ဇင်မိုးမှ ပြည်သူများအနေဖြင့် နေ့စဉ်သုံးစွဲလျက်ရှိသော လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးစသည်ဖြင့် အမျိုးမျိုးသုံးစွဲကြရာတွင ်မီးသတ်ဦးစီးဌာန၏ ဆောင်ရန်၊ ရှောင်ရန်လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပေးကြရန် ထို့ပြင် ခြင်ဆေးခွေများထွန်ညှိခြင်း၊ အမွှေးတိုင်းမီးများနှင့် ဘုရားပူဇော်ခြင်းများကိုလည်း ရာသီပူပြင်းသည့်အတွက်ကြောင့် သတိထားသုံးဆောင်ရန်၊ မီးသတ်ဆေးဗူးများကို ဆောင်ထားရန် နေအိမ်နှင့်ပတ်ဝန်းကျင်တွင်မီးလောင်လွယ်သည့်အမှိုက်သရိုက်များကိုရှင်းလင်း ဆောင်ရွက်ထားရန်၊‌ နေအိမ်တိုင်းသဲအိတ်၊ ရေအိတ်မီးချိတ်၊ မီးကတ်များထားရှိရန် ထည့်သွင်းပြောကြားပြီး မီးဘေးအန္တရာယ် တစ်စုံတစ်ရာပေါ်ပေါက်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို Talk Show အစီအစဉ်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)