လှိုင်းဘွဲမြို့နယ်၌ ဒေသတွင်း စားသုံးမှု ပိုမိုများပြားသည့် ဂျပန်ဖရဲမျိုး (ဒုံးကျည်သီး)အား ပြည်ပဈေးကွက်နှင့် ဒေသတွင်း ဈေးကွက်အတွက် ပိုမိုစိုက်ပျိုးနေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၌ ဒေသတွင်း စားသုံးမှု ပိုမိုများပြားသည့် ဂျပန်ဖရဲမျိုး (ဒုံးကျည်သီး)အား ပြည်ပဈေးကွက်နှင့် ဒေသတွင်း ဈေးကွက်အတွက် ပိုမိုစိုက်ပျိုးနေလျက်ရှိ


MNP  -  ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း၌ ရှိကြသည့် သမ္ဘာန်၊ထီလုံ၊ရွှေဂွန်း၊ဂျို့ချောင်း၊ ကမ်းနီ၊ ကော့လုံကျွန်းစသော ကျေးရွာများတွင် ပြည်ပဈေးကွက် ဝယ်လိုအား ကောင်းလာသည့်အပြင် ဒေသအတွင်း စားသုံးမှု ဈေးကွက်ဝယ်လိုအား ကောင်းနေသည့် ဂျပန်ဖရဲမျိုး၊ ဒေသအခေါ်(ဒုံးကျည်သီး) ဖရဲမျိုးစိတ်ကို ပိုမိုစိုက်ပျိုးမှု များပြားလာလျက်ရှိကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။


ဖရဲစိုက်တောင်သူများအနေဖြင့် ဒေသနေ မိုးစပါး စိုက်တောင်သူများထံမှ မြေဧက အကျယ်အဝန်းအပေါ် မူတည်၍ ဆောင်းရာသီနှင့် နွေရာသီများအတွက် မြေငှားရမ်းအသုံးပြုခ ပေး၍ ဖရဲစိုက်ပျိုးကြကြောင်း၊ ဖရဲစိုက်ခင်း (၁)ဧကလျှင် ဖရဲပျိုးပင် (၂၀၀၀) ဝန်းကျင် စိုက်ပျိုးရပြီး ပျိုးပင်ချ စိုက်ပြီးချိန်မှစ၍ (၆၅)ရက်အတွင်း၌ ဖရဲသီးများ ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။


ဖရဲစိုက်ခင်း(၁)ဧကလျှင် မြေပြင်၊ ပျိုးထောင်၊ ရေသွင်း၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာသွင်းအားစု မျိုးစေ့ကုန်ကျစရိတ်မှာ အသီးခူးဆွတ်နိုင်သည့် အချိန်အထိ ငွေ(၁၇)သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်၌ ရောင်းတန်းဝင် ဒုံးကျည်မျိုးဖရဲသီး(၁)လုံး၏ လက်လီ၊လက်ကားဈေးမှာ ငွေကျပ်(၂၅၀၀)ဝန်းကျင် ရောင်းချနိုင်ကြောင်း၊ ဖရဲသီးတစ်ပင်လျှင် အသီး(၂)လုံးနှုန်းဖြင့် ထားရှိပြီး ပင်ပြတ်စနစ်ဖြင့်  ပြည်ပသို့ တင်ပို့ရန် အခင်းပြတ် လာရောက်ဝယ်ယူကြသည့် ဖရဲသီးအဝယ်ဒိုင်များ ရှိပါကြောင်း၊ ယခင်နှစ်များကဆိုလျှင် အခင်းပြတ်စနစ်ဖြင့်  တစ်ပင်လျှင် ငွေကျပ် (၇၅၀) သာ ရရှိခဲ့ပြီး ဆုံးရှုံးမှုရှိခဲ့ကြကြောင်း၊ ဖရဲစိုက်ခင်းအတွက် သဘာဝဘေးအန္တရာယ်များအနေဖြင့် ပြပိုး၊ ရွက်စားပင်လိပ်ပိုး၊ ရွှေပိုး၊ နှင်းခါးအန္တရာယ်၊ ကြွက်နှင့်ခြအန္တရာယ်များကို  ဂရုစိုက်၍ ကာကွယ်နိုင်ကြမှသာ အကျိုးအမြတ် ရရှိနိုင်ကြောင်း ဖရဲစိုက်တောင်သူများက ရှင်းပြခဲ့သည်။


လင်းသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)