MNP - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း(၁၄)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ(၃)ရက်နေ့မှ ဖေဖေါ်ဝါရီ(၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖေါ်ဝါရီ(၃)ရက်နေ့ ညနေ(၄)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ ကမာရွတ်ခရိုင်နှင့် မရမ်းကုန်းခရိုင် အတွင်းရှိမြို့နယ်များ၊ အခြားအသင်းအဖွဲ့များအပါအဝင် (၁၈)သင်းပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထို့ပြင်စေတီတော်ကြီးအား ပန်း၊ ဆီမီး၊ သစ်သီး၊ ထမနဲဆွမ်းများဖြင့် ကပ်လှူပူဇော်ကြမည်ဖြစ်သည်။ တပို့တွဲလပြည့်ကျော်(၁)ရက် ဖေဖေါ်ဝါရီ(၅)ရက်နေ့ နံနက်(၇)နာရီတွင် မဟာဝိဇယစေတီတော်ရင်ပြင်၌ မြတ်စွာဘုရားအမှူးထား၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများအပါအဝင်(၁+၄၅)ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ အလှူရှင်များမှ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်ပါကြောင်း မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့မှသိရှိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment