လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူ(၃၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူ(၃၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံ


MNP  -  ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အတွက် ယနေ့ နံနက်(၉)နာရီက၊ လှည်းကူးအခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေး ထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများထိုးနှံပေးရာ  စနစ်တကျရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/ကျောင်းသူ(၃၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Boostet ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)