တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၂၅

ကျောင်းသား ၊ ကျောင်းသူလူငယ်များ ဗလငါးတန်းဖွံ့ဖြိုးရေးနှင့်နောင်အနာဂတ်တွင် တိုင်းပြည်၏သားကောင်း ရတနာများဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊သိမ်တောင် သို့သွား ရောက်၍ နံရံကပ်စာ‌စောင်ပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း ၊သိမ်တောင် မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်သန္တာ မှ အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။


ထို့နောက် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် ၊ အကြောင်းသိကောင်းစရာများ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ၊ မျောက်ကျောက်ရောဂါအကြောင်းသိကောင်း စရာများ နှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်များအဖြစ် နံရံကပ်ဓာတ်ပုံများကို ပြသထားရာ ကျောင်းသား ၊ ‌ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုကြသည်။


အဆိုပါအခမ်းအနားသို့ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာမကြီးနှင့်ဆရာမများ ၊ ကျောင်သား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)