MNP - ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန် ရည် ရွယ်ကာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မ စည်ပင်သာယာဈေးကြီးတွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက မီးသတ်မော်တော်ယာဉ်ဖြင့် ရေပတ်ဖြန်းမီးငြှိမ်းသတ် သရုပ်ပြသခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက တက်ရောက်ကြည့်ရှုခဲ့ကြပြီး မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားနိုင်ရေးလှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့၍ ပြင်ဉီးလွင်မြို့ပေါ်ရှိ ဈေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment