MNP - ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်နှင့်အားကစားပြိုင်ပွဲများကို ယနေ့ နေ့လယ်ပိုင်းကပြုလုပ်သည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကာယဉာဏစွမ်းရည် ပြိုင်ပွဲများ နှင့်အားကစားပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၌ ပြိုင်ပွဲများပြုလုပ်ရာ ကြိုးထိုးပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ခြေပူးတွဲပြေးပြိုင်ပွဲ၊အိတ်စွတ်ပြိုင်ပွဲများ ပြုလုပ်ရာ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသား ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment