(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ် အောင်ကုသိုလ်ရပ်ကွက် ကတ္တရာလမ်း(၄)လမ်းနှင့် ကွန်ကရစ်လမ်း(၂)လမ်းလမ်းသစ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ် အောင်ကုသိုလ်ရပ်ကွက် ကတ္တရာလမ်း(၄)လမ်းနှင့် ကွန်ကရစ်လမ်း(၂)လမ်းလမ်းသစ်ဖွင့်ပွဲကျင်းပ




MNP  -    ဇန်နဝါရီ     ၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကတ္တရာလမ်း(၄)လမ်းနှင့် ကွန်ကရစ်လမ်း(၂)လမ်း လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်ကုသိုလ်ရပ်ကွက်ရှိ အဆိုပါလမ်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အောင်ကုသိုလ်ရပ်သည် ဝယ်ကဝါကျေးရွာအုပ်စုတွင်ပါဝင်၍ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များနှင့် တစ်ဆက် တည်းရှိပြီးမြို့နယ်အဆင့်ဌာနဆိုင်ရာရုံးအများအပြား အခြေစိုက်သည့်အတွက် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိသောလမ်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။


ထို့နောက် အောင်ကုသိုလ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းက လမ်းဖွင့်ပွဲနှင့်ပတ်သက်၍ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လမ်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်ထွန်းဦး၊ အဖွဲ့ဝင်ဦးအောင်သန်း၊ မြို့နယ်စည်ပင်သာယာအဖွဲ့အမှုဆောင်အရာရှိဒေါ်အေးအေးယုနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဦးစောလွင်မိုးတို့က လမ်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ယနေ့ဖွင့်လှစ်သည့်ကတ္တရာလမ်း(၄)လမ်းသည် အောင်ကုသိုလ်ရပ်ကွက်(၂) လမ်းအရှည်ပေ(၇၀၅'x၁၂'x၉')၊ အောင်ကုသိုလ်ရပ်ကွက်(၅)လမ်းအရှည်ပေ(၉၆၈'x၁၂'x၉')၊ အောင်ကုသိုလ်(၆)လမ်းအရှည်ပေ(၈၄၅'x၁၂'x၉)၊ အောင်ကုသိုလ်(၇)လမ်းအရှည်ပေ(၆၄၀'x၁၂'x၉') ကတ္တရာလမ်း(၄)လမ်းစုစုပေါင်းအရှည်(၃၁၅၈)ပေ၊ (၄.၇၈)ဖာလုံကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၈၈ဒသမ၁၆၆)သန်းဖြင့် (ဖဖရ)မော်လမြိုင်မှတာဝန်ယူဆောင်ရွက်ခဲ့ကြောင်းနှင့် ကွန်ကရစ်လမ်း(၂)လမ်းဖြစ်သည့် အောင်ကုသိုလ်(၃)လမ်အရှည်ပေ(၅၀၀'x၁၂'x၆')၊ အောင်ကုသိုလ်(၄)လမ်းအရှည်ပေ(၇၅၀'x၁၂'x၆')၊ စုစုပေါင်းအရှည် (၁၂၅၀)ပေ၊ (၁.၈၉)


ဖာလုံကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်ရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်(၃၂ ဒသမ ၈ သန်း)ဖြင့် အကုန်အကျခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အေးအေးသီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)