MNP - ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အသက်၂နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုယနေ့နံနက်က မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှအသက်တစ်နှစ်ခွဲအထိ ကလေး ငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး စသည့်ကာကွယ်ဆေးများကို တိုက်ကျွေး ထိုးနှံပေးနေကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost


No comments:
Post a Comment