MNP - ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ် အသေးစာစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူပေါင်းဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်း ပရဟိတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များနှင့် လူငယ်များကို စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်းတို့မှ ကင်းလွတ်ပြီး မိသားစု အတွက် ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေး အလေးထား ဆောင်ရွက်ပေးရန်အတွက် သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ကလေးအလုပ်သများလျော့နည်းပ ပျောက်စေရေး အကောင်အထည်ဖော်ရာမှာ ကျောင်းနေအရွယ် ကလေးအားလုံးအခမဲ့ပညာ သင်ကြားနိုင်ရေး၊ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်ပေးမဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေပိုမိုများပြားလာစေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ပြည်သူများကို ဗဟုသုတမျှဝေကာ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး စိတ်ဓာတ်များ ပေါ်ပေါက်လာစေရေး အလေးထားဆောင်ရွက်မှုတို့ကို ဟန်ချက်ညီညီ လုပ်ဆောင်ရွက်နိုင်မှ သာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ လုပ်ငန်းခွင်မှာ လျော့နည်းသွားမှာြဖစ်ကြောင်း ပြောကြား သည်။
ဒါကြောင့် သင်တန်းသား၊ သင်တန်းသူများအနေနဲ့ သက်မွေးပညာရပ် သင်ယူခွင့်ရတာကို ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ တန်ဖိုးထားစရာလို့ မှတ်ယူကြဖို့ လိုအပ်ပါကြောင်း၊ သက်မွေးပညာဟာ နိုင်ငံတိုးတက်ဖို့အတွက် အဓိက မောင်းနှင်အားဖြစ်ပြီး နိုင်ငံတော်ကလည်း သက်မွေးပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးပညာသင်တန်းကျောင်းများကို အားပေးထောက်ပံ့လျက်ရှိ ကြောင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က သင်တန်းသားသင်တန်းသူများအတွက် စားသောက်စရိတ်များထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဆရာမ များထံ သင်တန်းအထောက် အကူပြုပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဇန်နဝါရီလ(၂) ရက်နေ့မှ ဇန်နဝါရီလ(၇)ရက် နေ့အထိ သင်တန်းသူ(၂၀)ဦးဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment